Friday, May 4, 2007

About my Banner

ကျွန်တော်ရဲ့Bannerလေးကိုပြောင်းမယ်ဲ။ ဘာပုံပြောင်းမ လဲ။ ကျွန်တော့်ရဲ့Banner

လေးကိုမြင်လိုက်တာနဲ့ ဒီ Blogger ဟာ မန္တလေးကလို့သိစေချင်တယ်။ ဒါဆိုဘာ ပုံ

ြေ ပာင:်မလဲ။ မန္တလေးတောင်၊ နန်းတော်(ကျူံး)၊ မဟာမြတ်မုနိ၊ ကျောက်တော်ကြီး

ဘာပုံတင်မလဲ။ အားလုံးကတော့ မန္တလေးက မှန်းသိသာစေသည်။ သေချာစဉ်းစား

ကြည့်တော့ ဦးပိန်တံတားကို သတိရသည်။ ဒီဦးပိန်တံတားဟာလည်း မန္တလေးနဲ့

ပတ်သတ်ရင်နာမည်ကြီးထဲမှာပါဝင်သည်။ ကမ္ဘာပေါ်မှာရှိတဲ့ အသားနဲ့လုပ်ထားသော

တံတားတွေထဲမှာ အရှည်ဆုံး နှင့် သတ်တန်းအကြားဆုံးတံတားဖြစ်သည်။ မန္တလေးမှာ

ရောက်လာသမျှ Tourists တွေအားလုံးနီပါး ဦးပိန်တံတားကို လာရောက်လည်ပတ်

ကြသည်။ ဇရပ်လေးတွေမှာ ထိုင်ပြီး လေညှင်ခံအပန်းဖြေကြသည်။ နေ၀င်ဆည်းဆာ

အလှကို ခံစားကြသည်။ ကျွန်တော်တို့ ကျာင်းတက်တုန်းကလည်း ဦးပိန်တံတားကို

ညနေတိုင်းနီးပါးသွားကြသည်။ ကျောင်သူ ကောင်မလေးတွေကို လိုက်စကြသည်။

ခွဲတန်းချပြီး ရည်းစားစကား လိုက်ပြောကြသည်။ Tourists တွေနောက် လိုက်ပြီး

English စကားပြောလေ့ကျင့်ကြသည်။ တခါတရံမှာလည်း “ဘဲမရှိတဲ့စော တံတားပေါ်၊

စောမရှိတဲ့ဘဲ ထန်တောထဲ” ဆိုသလို ထန်းတောထဲမှာ ၀ိုင်းဖွဲ့ပြီး ထန်းရေသောက်ကြ

သည်။ ငါးကြော်လေးတွေမြည်းရင်း တစ်ယောက်အကြောင်း တစ်ယောက်ပြောခဲ့ကြသည်။

ရေကြီးလို့ ကျောင်းပိတ်လည်း မပြန်။ ထန်းတောအဆောင်တွေကနေ မြို့ထဲအဆောင်ကို

ပြောင်းချင်တဲ့ ကျောင်းသူလေးတွေကို လှေနဲ့လိုက်ပို့ကြသည်။ မမေ့နိုင်စရာပင်။ အရမ်းပျှော်

စရာ ကောင်းသည်။ ဒါ့ကြောင့်မို့ ကျွန်တော့် Blog ရဲ့ Banner လေးအဖြစ် ဦးပိန်တံတားပ

ံလေးကို ရွေးချယ်လိုက်မိသည်။


to view my student life, click here.

No comments:

Post a Comment