လွန်ခဲ့တဲ့(၃)လလောက်က MCPA ကနေကျွန်တော့်ကို Yangon Service+ Internet & Email Training သွားတတ်ဖို့ပြောတော့ ကျွန်တော်လည်း Internet
& Email ကို အရမ်းစိတ်ဝင်စားတာကြောင့် Yangon Service+ ကိုရောက်သွားခဲ့
တယ်။ ဟိုမှာရောက်တောဆရာဦးရဲထွန်းအောင်က အရမ်းပျူငှာတယ်။ Train the Trainers မတတ်ရသေးခင်မှာ သင်တန်းဆရာ၊ ဆရာမတွေဆီမှာသင်တန်းတတ်ဖို့၊
ဆရာ၊ ဆရာမများ အပတ်စဉ် အစည်းဝေးပွဲ တတ်ဖို့၊ 7 Internet ကိုသွားရောက်
လေ့လာဖို့နဲ့ စာသင်တဲ့ကိစ္စတွေ လေ့လာဖို့လိုတယ်ဆိုပြီး စာရွက်လေးနဲ့ ရေးပေးခဲ့ပါ တယ်။ ဆရာ၊ ဆရာမများနဲ့မိတ်ဆတ်ပေးဖို့၊ နေရာအတွက် SVP မှာပဲစီစဉ်ပေဖို့၊
အခြားလိုအပ်တာတွေ စီစဉ်ပေးဖို့အတက်တော့ ကိုသိန်းဋ္ဌေးကို တာဝန်ပေးခဲ့ပါတယ်။ Train the Trainers မတတ်ရသေးခငမှာ ဆရာ၊ ဆရာမတွေနဲ့ ရင်နှီးခွင့်ရခဲ့ပါတယ်။
သူတို့သင်တဲ့ သင်တန်းတွေကိုလည်း လိုက်တတ်ဖြစ်ခဲ့ပါတယ်။Train the Trainers
မှာတော့ ဆရာဦးရဲထွန်းအောင်က သင်ပေးခဲ့ပါတယ်။မန္တလေးကတော့ ကျန်တဲ့သူတွေ
ကတော့ Yangon ကသူတွေပါ။ ဆရာစာသင်တဲ့အခါမတော့ သင်ကြားမူနည်းစနစ်များ နှင့်အတူ သင်ကြားမူတစ်ခုတိုင်းစီအတွက် ဥပမာများပေးပြီး အသေးစိတ်ရှင်းပြခဲ့ပါတယ်။
သင်တန်းကာလအတွင်းမှာ ဆရာက Brainstorming Information, Black Swan
Theory တွေနဲ့ Long Tail Theory တွေအကြောင်းကိုလည်း ရှင်ပြခဲ့ပါတယ်။ ဆရာနဲ့အတူ Excel Treasure Hotel မှ Fashion Design Show ပွဲတွေကို သွားခဲ့ကြတယ်။ ညညတွေမှာ ရွေတိဂုံဘုရားကိုလည်း မကြာခဏ သွားဖူးခဲ့ကြတယ်။ တချိုညတွေမှာဆို ဆရာနဲ့ ရွှေလက်ဖက်ရည်ဆိုင် မှာထိုင်ဖြစ်ကြတယ်။ Web Creative Studio အဖွဲ့တော်သားများနဲ့ တော့လည်း မိတ်ဆက်ပေးခဲ့တယ်။ ဆရာကတော့ အရမ်းသဘောကေင်းတဲ့သူပါ။ ညညမှာဆို ကျွန်တော်တို့ 12:30 pm , 1:00 pm လောက်ထိ Internet အသုံးပြုကြတယ်။ တချို့ညတွေမှာ ဆို 2 နာရီထိတောင် ရောက်ကြသေးတယ်။ ဆရာကတော့ဘာမှ မပြောပါဘူး။ Service+ မှာ(အခမဲ့)နေခွင့်၊ စာတွေ(အခမဲ့)သင်ခွင့် တွေတင်မကပါဘူး နေထိုင် နည်း (the art of living) ကအစ အားလုံးသင်ပေးခဲ့ပါတယ်။ ကြုံရင်ကြုံသလို ထမင်း အတူစားဖို့လည်း ဖိတ်ခေါ်လေ့ရှိတယ်။ ဒီလိုနဲ့ Yangon မှာ ၂ လလောက်ကြာတော့ မန်လေးက Train the Trainers လာတတ်ဖို့ 11 ဦးရောက်လာခဲ့တယ်။ ကျွန်တော့်အတွက်တော့ မန်းလေး သူငယ်ချင်း တိုးတာပေါ့။ သူတို့နဲ့ အတူသွားကြ၊ အတူစားကြ Training တတ်ရတာ အရမ်းပျော် ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ Mdy Trainers တွေအားလုံးကို Yangon MICT Part မှာရှိတဲ့ Web Creative Studio မှ ဆရာ၊ ဆရာမများ၊ MIT မှ ဆရာ၊ ဆရာမများ၊ e-trade မှ ဆရာ၊ ဆရာမများအားလုံးနဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူတို့အားလုံးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေအားလုံးကို လေ့လာသိရှိခွင့်ရခဲ့တယ်။ နောက် MICT Park မှာပဲ Non–Stop Internet Seminar ပွဲမှာလည်း ကျွန်တော်တို့ Mdy Trainers တွေအားလုံးနဲ့ Service+ ဆရာ၊ ဆရာမများအားလုံး တာဝန်ကိုယ်စီခွဲဝေပြီ လုပ်ခဲ့ကြ တာ အရမ်းပျော်ရွှင်ဖို့ကောင်းပါတယ်။ ရေးမယ်ဆိုရင်တော့ အရမ်းရှည်သွားမယ်။ ၃ လနေခဲ့သမျှ အချိန်တွေအားလုံးဟာ မမေ့နိုင်စရာတွေပါပဲ။ အဘက်ဘက်မှ Internet and Email သင်ကြာပေးခဲ့ကြသော
Service+ မှ ဆရာ၊ ဆရာမများအလုံးကို ကျေးဇူးတင်မိပါတယ်။ အထူးအားဖြင့် Service+ မှာပဲ နေခွင့်ပေခဲ့သော၊ Internet & Email ကိုဥပမာများနှင့်အတူ အ သေးစိတ် အကျယ်ဝင့် ရှင်ပြပေးခဲ့သော၊ အချိန်ပြည့် Internet အသုံးပြုခွင့်ပေး ခဲ့သော ဆရာဦးရဲထွန်းအောင်ကို အရမ်းကျေးဇူးတင်မိပါတယ်။ ဒီမန်းလေးမှာ
Internet သုံးချင်သလောက်မသုံးရတဲ့အခါတွေမှာ ဆရာကိုအရမ်းသတိရနေမိ ပါတယ်။ အခု Singapore မှာရောက်နေသော ဆရာဦးရဲထွန်းအောင် ကိုယ်၏
ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနှင့်အတူ ကောင်းသော လိုရာဆန္ဒ
မှန်သမျှပြီးပြည့်စုံပါစေကြောင်း ကျွန်တော့် Blog လေးထဲကနေ ဆုတောင်း ပေးလိုက်ပါတယ်။
|